အခမဲ့ပီဇာမုန့်
ကောလိပ်ကျောင်းသားဘ၀၌ ငွေကြေး ကြပ်တည်းပါ၏။ ငွေကို ချွေတာသုံးရသည်။ ထို့ကြောင့် အခမဲ့ကျွေးသော အစီအစဉ်ရှိတိုင်း ဘယ်နေရာ၊ ဘယ်အချိန် မဆို ကျောင်းသားများ ရောက်ရှိနေ တတ်သည်။ ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းအသစ်များ ခေါ်ယူခန့်အပ်လိုလျှင် အလုပ်နှင့်ပတ်သက်၍ တင်ဆက် ဟောပြောပွဲကို ကောလိပ်ကျောင်းပရ၀ုဏ်အတွင်း ပြုလုပ်ပြီး အခမဲ့ပီဇာမုန့် ကျွေးမွေးကမ်းလှမ်းခြင်းဖြင့် လူငယ်များကို ဆွဲဆောင်ရသည်။ အချို့ကျောင်းသားများက ပီဇာမုန့်စားရန်အတွက်သာ ဟောပြောပွဲ တစ်ခုပြီးတစ်ခု တက်ရောက်ခြင်းဖြစ်သည်။ ယခုရရှိသောအစာက အနာဂတ်အလုပ်အကိုင်ထက် ပိုမို အရေးကြီးသယောင်ဖြစ်နေသည်။
သခင်ယေရှုက လူငါးထောင်ကိုကျွေးမွေးပြီး နောက်တစ်နေ့တွင် လူအများအပြားက ကိုယ်တော် ကို လိုက်ရှာနေကြသည် (ယော ၁၆း၁၀-၁၁၊ ၂၄-၂၅)။ ထိုအခါ ကိုယ်တော်က “သင်တို့သည် နိမိတ် လက္ခဏာကိုမြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍၀သောကြောင့်သာ ရှာကြ၏”ဟု (း၂၆) တွင် မိန့်တော်မူသည်။ သခင်ယေရှု၌ရှိပြီး သခင်ကိုယ်တိုင် ပေးသနားသည့် ထာဝရအသက်ထက်…
ရန်လိုမှုကြီးထွားခြင်း
မကြာမီက သွားခဲ့သည် ခရီးစဉ်တစ်ခု၌ လေယာဉ်မောင်က ကျွန်တော်ကို မကြာခဏ လေယာဉ် ခရီးထွက်သလားဟု မေးရာ ကျွန်တော်က ဟုတ်မှန်ကြောင်း ပြောခဲ့သည်။ သူက ယခုလတ်တလောပိုင်း တွင် လေယာဉ်ခရီးသည်များ ပို၍ ရန်လိုအကဲဆတ်လာသည်ကို သတိထားမိလားဟု မေးလိုက်သည်။ သူ့အပြောကို သဘောတူလက်ခံကြောင်း ကျွန်တော်ဝန်ခံပါသည်။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ ဆက်လက်စကားပြောရာ၌ လေယာဉ်လုံခြုံရေး တင်းကြပ်လာခြင်း၊ စရိတ်စကကြီးမြင့်လာခြင်း၊ ၀န်ဆောင်မှု လျော့နည်းလာခြင်းနှင့် ခရီးသွားလာရာ၌ မကျေနပ်မှုများ စသဖြင့် ပါဝင်လာသည်။ ထိုအခိုက် ခရီးသည်တစ်ဦးက သူထိုင်ရမည့်နေရာကို မထိုင်လို၊ အခြားသူ၏ထိုင်ခုံနေရာမှ ပိုကောင်း သဖြင့် ထိုနေရာကို သူနှစ်သက်ကြောင်းဆိုလာသည်။ ထိုအဖြစ်အပျက်က ကျွန်တော်တို့ပြောနေသည့် အချက်၏ သက်ပေပင်ဖြစ်သည်။
အမျက်ဒေါသနှင့် ရန်လိုမှုတို့ကို တွေ့ကြုံရသည့်အခါ ခရစ်တော်နောက်လိုက်များအနေဖြင့် ရန်ငြိမ်းစေသောသူဖြစ်နိုင်ပါသည်။ တမန်တော် ရှင်ပေါလုက ရောမမြို့ရှိ အသင်းတော်အား “သင်တို့ သည် တတ်နိုင်သမျှ…
ရင်သပ်ရှုမောဖွယ်ရာ
“မိမိအသက်ရှူသွင်းသည့် အကြိမ်အရေအတွက်ဖြင့် ဘ၀ကိုမတိုင်းတာ၊ အသက်ရှူမှားသွားသည့် ကြည်နူးဖွယ်ရာ တဒင်္ဂအချိန်များဖြင့် တိုင်းတာရာ၏” ဟူသည့် ဆောင်ပုဒ်က ခေတ်စားလှသည်။ ထိုစကားစုကို အနုပညာဖန်တီးမှုများမှအစ တီရှပ် အင်္ကျီများနှင့် နေရာတိုင်းတွင် တွေ့ရှိရသည်။ ထိုစကားရပ်သည် ရေပန်းစားသော်လည်း တလွဲထင်စေနိုင်သည်ဟု ကျွန်မယူဆသည်။
အသက်တာကို ရင်သပ်ရှုမောဖွယ်ရာ တဒင်္ဂအချိန်များနှင့်သာ တိုင်းတာလျှင် အံ့ဖွယ်ကောင်း သည့် သာမန်အမှုကိစ္စများကို လက်လွတ်သွားမည်။ စားသောက်၊ အိပ်စက်၊ အသက်ရှူရှိုက်ခြင်းစသည် တို့ကို ကျွန်မတို့ နေ့စဉ်လုပ်ဆောင်ကြလည်း ထူးထူးခြားခြား မတွေးမိဘဲ အများအားဖြင့် သာမန်ကိစ္စ မျှသာထင်မိသည်။ သို့သော် ထိုအရာများသည် သာမန်အမှုလုံးဝမဟုတ်၊ အစာတစ်လုပ်စားတိုင်း၊ အသက်ရှူလိုက်တိုင်းက အံ့သြစရာကောင်းသည်။ အသက်ရှင်ရခြင်းသည် ရင်သပ်ရှုမောဖွယ်ရာများထက် ပို၍အံ့သြစရာကောင်းပါသည်။
ရှောလမုန်မင်းကြီးသည် လူတစ်ကာထက်ပိုပြီး ရင်သပ်ရှုမောဖွယ်ရာအချိန်များစွာ ရရှိခဲ့သည်။ သူက “ငါစိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှမပယ်”ဟု (ဒေ ၂း၁၀) ဖော်ပြသော်လည်း “အလုံးစုံတို့သည် အနတ္တအမှု”ဟု…
စွန့်စား စွန့်လွှတ်ရမည့်အမှု
ယခုနှစ်တွင် သင်လက်ခံရရှိမည့် ခရစ်စမတ်ကဒ်အချို့တွင် မာရိ၏အနောက်၌ ရပ်လျက် ကြည့်နေသူ၊ သူငယ်တော်ယေရှုကို စောင့်ရှောက်ရာတွင် ထင်ရှားသည့် လူတစ်ဦးပုံ မလွဲမသွေပါရှိမည်ပင်။ ထိုသူမှာ ယောသပ်ဖြစ်သည်။ ခရစ်တော် ဖွားမြင်တော်မူသည့်အဖြစ်အပျက်နောက်ပိုင်းတွင် သူ့အကြောင်းကို ထပ်မံ၍ မတွေ့ရ။ သေချာစွာမသိပါက ယောသပ်အား အရေးမပါ၊ ဘေးတွင်ရပ်ရသူ၊ ယုတ်စွအဆုံး ဒါဝိဒ်၏ပလ္လင်တွင် သခင်ယေရှုအနေဖြင့် စိုးစံနိုင်ရေး၊ ဒါဝိဒ်မျိုးရိုးမှ ဆင်းသက်ကြောင်း အတည်ပြုပေးရန် လိုအပ်ချက်အတွက် ယောသပ်ပါဝင်ရုံ သက်သက်လော။
စင်စစ် ယောသပ်ပါဝင်ရသည့်အခန်းကဏ္ဍက နည်းဗျူဟာအရ အရေးကြီးလှသည်။ မာရိအား ဇနီး အဖြစ်ထိန်းသိမ်းရန် ကောင်းကင်တမန်၏စကားကို (မ ၁း၂၀) ယောသပ် မနာခံခဲ့ပါက လူ့အမြင်နှင့်ဆိုရ လျှင် သခင်ယေရှု၏အမှုတော်မြတ်တစ်ခုလုံးကို ပျက်စီးသွားမည့်အန္တရာယ်ရှိသည်။ မာရိအား ဇနီးအဖြစ် ထိန်းသိမ်းခြင်းက အလွန်အန္တရာယ်ကြီးသည့် တာဝန်တစ်ခုဖြစ်သည်။ သူငယ်တော်၏ဖခင်အဖြစ် ခံယူ လိုက်ခြင်းက သူ့အတွက် ဂျူးထုံးတမ်းစဉ်လာကို အပြင်းအထန် ချိုးဖောက်ရာရောက်ပြီး…
သင့်ကိုဘာပေးရမလဲ
လူမျိုးတိုင်းလိုလိုတွင် “ဆုတောင်း ၃ ခုပုံပြင်”ကို ပြောလေ့ရှိပြီး ၄င်းပုံပြင်မှာ တန်ခိုးရှင် (သို့) နတ်သမီး တစ်ပါးက ပေါ်လာပြီး ဆု ၃ ခု တောင်းစေခြင်းအကြောင်းဖြစ်သည်။ အများအားဖြင့် ဤပုံပြင် လေးက မိမိဖာသာ ကြိုးစားမရယူနိုင်သည့်အရာကို ကျွန်ုပ်တို့ လိုချင်ကြသည်ဟူသောအချက်ကို ထောက် ပြနေသည်။
သမ္မာကျမ်းစာထဲတွင် “လိုတရပုံပြင်”တစ်ပုဒ် ပါရှိသည်။ တစ်ညတွင် ထာဝရဘုရားသခင်သည် ရှောလမုန်မင်းအား အိပ်မက်တွင်ထင်ရှားလျက် “ငါပေးရမည့်ဆုကိုတောင်းလော့”ဟု (၃ ရာ ၃း၅) မိန့်တော်မူ၏။ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေ၊ ကျော်ဇောမှု၊ တန်ခိုး ဘာမဆို ရှောလမုန်မင်း တောင်းနိုင် သည်။ သို့သော် ထိုအရာတစ်ခုကိုမျှ သူမတောင်းခဲ့ပါ။ “ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သော ဥာဏ်” “နားထောင်တတ်သောနှလုံးသား”၊ ဘုရားသခင်၏စကားတော်ကို ခံယူနားထောင်ရန် နှိမ်ချသည့် နှလုံးသားကိုသာ သူတောင်းခဲ့သည်။ ကြီးမားကျယ်ပြောသောတိုင်းပြည်ကို အုပ်ချုပ်ရာတွင် တာဝန်…
ပုံကြမ်းမျှသာ
C. S. Lewis ၏ The Weight of Glory စာအုပ်၌ အမျိုးသမီးတစ်ဦးသည် မြေအောက် အကျဉ်းတိုက်တွင် အကျဉ်းကျစဉ် သားငယ်တစ်ဦးကို မွေးဖွားခဲ့သည်။ သားငယ်လေးမှာ အပြင်လောက ကို တစ်ခါမျှမမြင်ဖူးသဖြင့် မိခင်က ခဲတံဖြင့် ပုံများရေးဆွဲ၍ ပြောပြသည်။ နောက်ပိုင်း သူတို့သားအမိ ထောင်မှထွက်လာသောအခါ ခဲတံဖြင့် ရေးဆွဲထားသော ပုံကြမ်းများသည် လှပသော ကမ္ဘာ၏စစ်မှန်သော ပုံရိမ်များဖြင့် အသက်ဝင်လာသည်။
ထိုနည်းတူစွာပင် ၀ိညာဉ်တော်မှုတ်သွင်းထားသော သမ္မာကျမ်းစာမှ ကောင်းကင်ဘုံအကြောင်း ဖော်ပြချက်များကို တစ်နေ့တွင် ၀မ်းမြောက်ဖွယ်၊ လက်တွေ့ကျကျ ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံရမည်။ နောင်တစ်ချိန်တွင် ခရစ်တော်ရှေ့တော်မှောက်သို့ မရောက်သေးမီ ယခုတွင် ကောင်းကင်ဘုံအကြောင်း ကို အတိုင်းအတာတစ်ခုအထိသာ သိမြင်နိုင်ကြောင်း ရှင်ပေါလု သဘောပေါက်သည်။ “ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခုတွင်…
ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုပါ
အမေရိကန်ရေတပ်မှ စစ်ရေယာဉ်များ ပုလဲဆိပ်ကမ်းရှိ စစ်အခြေစိုက်စခန်းမှ ထွက်ခွာသည် ဖြစ်စေ၊ ဆိုက်ကပ်သည်ဖြစ်စေ၊ ထိုသင်္ဘောပေါ်ရှိရေတပ်သားများသည် ၀တ်စုံပြည့်ဝတ်ဆင်၍ တန်းစီကာ သင်္ဘောကုန်းပတ်အစွန်း၌ သတိအနေအထားဖြင့်ရပ်လျက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့၌ ကျဆုံး သွားသော စစ်သားများ၊ ရေတပ်သားများနှင့် အရပ်သားများအား ရည်စူးအလေးပြုကြသည်။ ၎င်းသည် စိတ်လှုပ်ရှားစေသော မြင်ကွင်းဖြစ်ပြီး အလေးပြုသူရေတပ်သားများက ၎င်းသည် မိမိတို့၏စစ်မှုထမ်းစဉ် တွင် အမှတ်ရစရာ အကောင်းအဆုံးအချိန်များဟု သတ်မှတ်ခဲ့သည်။
ကုန်းပေါ်မှ ကြည့်ရှုနေသော ပရိသတ်များနှင့် အထူးသဖြင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သူများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူများ၏ရင်၌ မယုံကြည်နိုင်လောက်သောခံစားချက်တစ်မျိုးကို ခံစားရ သည်။ လက်ရှိစစ်မှုထမ်းနေသည့် ရေတပ်သားများအတွက် ၎င်းတို့၏အလုပ်သည် မြင့်မြတ်သည်ဟု ခံစား ရစေပြီး အတိတ်ကာလက ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများ၏ ဂုဏ်သိက္ခာကို ဖော်ကျူးသည်။
သခင်ယေရှု၏ပွဲတော် (မ ၂၆း၂၆-၁၉) ကို အစပြုခဲ့စဉ်က ထိုကဲ့သို့သော ခံစားချက်…
ပူပန်သောကကင်းစွာအသက်ရှင်
သတင်းခေါင်းစဉ်တွင် အနုပညာရှင် စူပါစတားများကို ဦးစားပေးဖော်ပြနေသည့် တစ်ချိန်တည်း မှာပင် ၄င်းတို့၏သီချင်းများ၊ ရုပ်ရှင်များ၊ အစီအစဉ်များတွင် ကိုယ်ကျင့် တရားမကောင်းသည့် အတွေးအခေါ် အယူအဆများကို ထောက်ခံ အားပေးနေ ကြသည်။ ခေါင်းဆောင်အချို့ကလည်း ဖြောင့်မတ် မှန်ကန်စွာ အသက်ရှင်သည့် စံနှုန်းများကို အထင်အမြင်သေး ကဲ့ရဲ့သူများဖြစ်နေသည်။ ယနေ့ခေတ် ယဉ်ကျေးမှုက ထိုသို့မှားယွင်းသောဘက်၌ ရပ်တည်သူများအပေါ် အလွန်အာရုံ စိုက်ကြောင်းတွေ့ရသဖြင့် သင်စိတ်အနှောင့်အယှက် ဖြစ်ရပါသလား။
ကျွန်ုပ်တို့သည် အငန် ကင်းပျောက်၍ မှောင်မိုက်သောကမ္ဘာတွင်“အလင်းနှင့်ဆား”(မ ၅း၁၃-၁၄) ဖြစ်ကြရမည်။ ဖြစ်နိုင်သမျှ နေရာတိုင်းတွင် သခင်ယေရှု၏အလင်းကို ထွန်းလင်းခြင်းဖြင့် ဒုစရိုက်အပြစ်ကို တန်ပြန်၇န်ကြိုးစားရမည်။ အပျက်သဘောဆောင်သည့် စွမ်းအားစုများကြောင့် စိတ်ဆိုးဒေါသထွက်ခြင်း ကို ကျွန်ုပ်တို့အခွင့်မပေးပါ (ဆာ ၁၃း၈)။ ထိုသို့ ဒေါသထွက်မည့်အစား “သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍ စိမ်းသော ပျိုးပငိညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်”(း၂)ဟုမိန့်တော်မူသည့် ထာဝရဘုရားသခင်ကို…
တကယ်ချစ်တာပါ
သူငယ်ချင်းတစ်ဦးက သူ့ဘ၀ကို အလွှမ်းမိုးဆုံးသောအရာများအနက် သူ့အဖွားသည် တစ်ဦး အပါ အ၀င်ဟု ဆိုသည်။ သူအရွယ်ရောက်ကြီးပြင်းသည့် ဘ၀တစ်လျှောက်တွင် အဖွား၏ ခြွင်းချက်မရှိသော မေတ္တာကို သတိရနေအောင် အဖွား၏ဓာတ်ပုံကို သူ့စားပွဲ၌ တင်ထားသည်။ “ဘယ်လိုချစ်ရမယ်ဆိုတာကို သိလာဖို့ အဖွားကမစခဲ့တယ်လို့ တကယ်ပဲယုံကြည်တယ်”ဟု သူက ပြော၏။
ထိုကဲ့သို့သောမေတ္တာကို လူတိုင်းမခံစားရသော်လည်း ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ချစ်ခြင်းခံရကြောင်း ခံစားနားလည်နိုင်သည်။ ၁ ယော ၄ ၌ ချစ်ခြင်း/ချစ်သည် (love) ဟူသည့် အင်္ဂလိပ်စာလုံးကို (၇) ကြိမ်ဖော်ပြထားပြီး၊ ဘုရားသခင်နှင့် အခြားသူများကိုချစ်နိုင်ရေး ခရစ်တော်အားဖြင့် သိရှိရသော ဘုရားသခင်၏မေတ္တာသည် အရင်းခံဖြစ်သည်ဟု ဆိုထားသည်။ “ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို၊ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” (း၁၀)။ “ဘုရား သခင်သည်…
ငြိမ်သက်ခြင်း
အာဒံဧ၀တို့ခေတ်ကတည်းကပင် ငြိမ်သက်ခြင်းက ပျောက်ဆုံးခဲ့ပြီ။ မစားရဟု တားမြစ်ထားသော အသီးကို သူတို့စားလိုက်ပြီးနောက် မိမိတို့အ၀တ်အချည်းစည်းရှိသည်ကို သိမြင်လာပြီး တစ်ဦးကိုတစ်ဦး စတင်အပြစ်တင်ကြကာ (က ၃း၁၂-၁၃) ငြိမ်သက်သာယာသော ဘုရားသခင်၏ကမ္ဘာဂြိုလ်ထဲသို့ ပဋိပက္ခကို စတင်ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်တို့ အပါအ၀င် ၎င်းတို့မှ ဆင်းသက်လာသူအားလုံးသည်လည်း သူတို့၏မကောင်းသော စံနမူနာအတိုင်း လိုက်ခဲ့ကြခြင်းက ၀မ်းနည်းစရာပါ။ မိမိဖာသာ ရွေးချယ်မှု မှားခဲ့ပြီး၊ အခြားသူကို ကျွန်ုပ်တို့ အပြစ်တင်တတ်သည်။ မည်သူကမျှ မိမိအပြစ်ဟု မ၀န်ခံကြသောအခါ ကျွန်ုပ်တို့စိတ်ဆိုးကြသည်။ မိမိ၏မပျော်ရွှင်မှုအတွက် အခြားသူကို အပြစ်တင်ရင်း မိသားစုများ၊ အသင်းတော်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများ ပြိုကွဲ စိတ်ဝမ်းကွဲရသည်။ အပြစ်တင်ခြင်းသဘောက စိုးမိုးထား သဖြင့် ရန်ငြိမ်းခြင်းနှင့် ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ မဖန်တီးနိုင်ပါ။
ခရစ်စမတ်သည် ငြိမ်သက်ခြင်းအချိန်အခါဖြစ်သည်။ ငြိမ်သက်ခြင်းအရှင်ကို စေလွှတ်ရန် ဘုရား သခင် မည်ကဲ့သို့ပြင်ဆင်ခဲ့သည်ကို ဓမ္မဟောင်းကျမ်းက ဖော်ပြထားသည်…